ချမ်းမြသာစည်မြို့နယ်တွင် (Biometric) အချက်အလက်ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

ချမ်းမြသာစည် ဇွန် ၂၃

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီက မြို့နယ်အတွင်းရှိဝန်ထမ်းများနှင့် ၄င်းမိသားစုဝင်များအား Biometric အချက်အလက်များ ကောက်ယူခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင်၊ ဌာနဆိုင်ရာရုံးများမှ နိုင်ငံ့ဝန်ထမ်းများနှင့် ၄င်းတို့၏မိသားစုဝင်များ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များနှင့်မိသားစုများ၊ အခြေခံပညာ ကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအား အသက် ၁၀ နှစ်နှင့် အထက် (Biometric) အချက်အလက်များ ကောက်ယူခြင်းကို အချိန်နှင့်တပြေးညီ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ချမ်းမြသာစည် မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်းထံမှ သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မဟာအောင်မြေခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးဇင်ထက်၊‌‌ အောင်မြေသာစံခရိုင်၊ ဒုတိယညွှန်ကြား‌ရေးမှူး ဦးသန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်းက လုပ်ငန်းဆောင်ရွက်ပေးနေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ