ပန်းဘဲတန်းမြို့နယ်တွင် နေအိမ်ပြင်ပထွက်ခွာသွားလာနေသူများ နှာခေါင်းစည်း တပ်ဆင်ရေးစစ်ဆေးကြပ် မတ်ဆောင်ရွက်

ပန်းဘဲတန်း အောက်တိုဘာလ ၉

ပန်းဘဲတန်းမြို့နယ်တွင် နေအိမ်ပြင်ပထွက်ခွာသွားလာသူများ နှာခေါင်းစည်း (Mask)တပ်ဆင်ရေး စစ်ဆေးကြပ် မတ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပန်းဘဲတန်း မြို့နယ်ရှိ လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလလမ်း၊ ကုန်‌ဈေးတန်းလမ်း၊ အနော်ရထာလမ်းနှင့် ရွှေဘုံသာလမ်းတို့တွင် နေအိမ်ပြင်ပထွက်ခွာသွားလာသူပြည်သူများ နှာခေါင်းစည်း စနစ်တကျတပ်ဆင်သွားလာကြရန်အတွက် စစ်ဆေးခြင်း၊  နှာခေါင်းစည်း(Mask) တပ်ဆင်လာခြင်းမရှိသူများအား  ဒဏ်ငွေ(၂၀၀/-)ပေးဆောင်စေ၍ မှတ်တမ်းရေးသွင်းခြင်း၊ တပ်ဆင်မည့် နှာခေါင်းစည်း(Mask) ထုတ်ပေးခြင်းတို့ကို  မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဌ  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင် ဦးဆောင်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးမှ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်များမှ တာဝန်ရှိသူများနှင့် စစ်ဆေးကြပ်မတ်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်။

နေခြည် (ပြန်/ဆက်)