ပေါင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်   အသိပညာပေး (Talk Show) ပြုလုပ်

ပေါင် ဇွန် ၂၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်   အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre  ခန်းမ၌ ယနေ့ မွန်းတည့်(၁၂း၀၀) နာရီကပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အမှတ်(၆၂)၊ မူးယစ်တပ်ဖွဲ့စု၊ သထုံမှ ဒုရဲမှူးတင်ကိုကိုက မူးယစ်ဆေးဝါး၏အဓိပ္ပါယ်များ၊ မူးယစ်ဆေးဝါးအမျိုးအစားများ ၊မူးယစ်ဆေးဝါးနှင့် ပတ်သတ်ပြီး သတင်းပေးခဲ့လျှင်အရေးယူဆောင်ရွက်သည့် လုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲမိလျှင် ခံစားရသော ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးရောင်းဝယ်သူများအနေဖြင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အလေးချိန်ပမာဏပေါ် မူတည်၍ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း၊ မူးယစ်ဆေးဝါးဖြတ်ချင်စိတ်ရှိသောသူများအား မူးယစ်ဆေးဝါးဖြတ်ရန်အတွက် မူးယစ်တပ်ဖွဲ့စုအနေဖြင့် ကူညီဆောင်ရွက်ပေးနေမှုများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် ပြည်သူအားလုံးအတူ တာဝန်ရှိသူများကဝိုင်းဝန်းကူညီ ကြဖို့လိုအပ်ပါကြောင်း ဆွေးနွေးခဲ့သည်။

ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ ဆက်)