၀မ်းတွင်း ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ယနေ့ နံနက် (၁၀) နာရီက ကလေးအလုပ်သမား ပပျောက်ရေး TaLk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက ကလေးသူငယ်ဆိုသည်မှာ အဘယ်နည်း၊ ကလေးအလုပ် သမားဆိုသည့်အဓိပ္ပာယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်များအရ အလုပ်ချိန်ကန့်သတ်ချက်နှင့် မည်သည့်အခြေအနေများတွင် အလုပ်လုပ်ခွင့် ပြုနိုင် ကြောင်းတို့ကို ဆွေးနွေးမေးမြန်းခဲ့ရာ မြို့နယ်ဒုတိယဥပဒေအရာရှိ ဒေါ်ဟန်နီဖြိုးမှ ကလေးများ၏ အနာဂတ်အိမ်မက်၊ နိုင်ငံတော်ကြီး တိုးတက်အောင်မြင်ရေး အတွက် ကလေးတွေထက်မြက်ရမည်၊ ကလေးတွေ အရည်အချင်းရှိမှ အရည်အသွေးရှိတဲ့ တိုင်းပြည်၊ အရည်အသွေးပြည့်ဝတဲ့ နိုင်ငံတော်ရရှိမှာဖြစ်ပါတယ်။ကလေးအလုပ်သမားပပျောက်ရေးဆိုင်သော ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို ကဏ္ဍအလိုက် ပြည့်ပြည့်စုံစုံ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ TaLk Show အစီအစဥ်ကို ဆွေးနွးပြောကြားပေးခဲ့သော မြို့နယ်ဒုတိယဥပဒေအရာရှိ ဒေါ်ဟန်နီဖြိုးအား ကျေးဇူးတင်ရှိပါကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက ပြောကြားခဲ့ကြောင်း သိရသည်။
ဌေးလှိုင်ဝမ်းတွင်း