တံတားဦး ဇွန် ၂၃
တံတားဦးခရိုင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ရောင်းချလျက်ရှိသည့် ကျောင်းမုန့်ဆိုင်များတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ ဝမ်းပျက် ဝမ်းလျှောရောဂါ ကာကွယ်ရေးနှင့် ဘေးအန္တရာယ်ရှိသော အစားအသောက်များ ရောင်းချခြင်းမရှိစေရေးတို့အတွက် ကျောင်းအုပ်ဆရာကြီးနှင့်ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများ ဆောင်ရွက်ကြကြောင်းသိရသည်။
သို့စစ်ဆေးရေးရာတွင် မြို့နယ်ကျန်းမာရေးဝန်များက ကျောင်းမုန့်ဆိုင်များကို လှည့်လည်စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးဆိုင်များတွင် ရက်လွန်မုန့်များ ရောင်းချခြင်းမပြုရန်၊ သတ်မှတ်ကုန်အညွှန်း အမှတ်အသားပါသည့် မုန့်များကိုသာ ရောင်းချရန် အခြားအစားအသောက်များ၊ ယင်နားစာများ မဖြစ်အောင်လုံခြုံစွာ ဖုံးအုပ်ထားရန် ဒါ့အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်စေည့် အစားအစာများကို ရှောင်ရှားနိုင်ရေးဈေးရောင်းချသူများက နှာခေါင်းစည်းများ၊ လက်အိတ်များဖြင့် သန့်ရှင်းသပ်ရပ်စွာ ရောင်းချရန်တို့ကို ဈေးရောင်းချသူများအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ကြသည်။
တံတားဦးမြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျန်ရှိသည့် အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်ဆိုင်များအား အလားတူဆက်လက်ကွင်းဆင်း စစ်ဆေး၍ အသိပညာပေးခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)