ပေါင် ဇွန် ၂၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ (ICA) Day အားကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွေကိန္ဒရီစတိုး သမဝါယမအသင်းလီမီတက်မှ အသင်းသားများသို့ စားသုံးဆီများထောက်ပံ့ပေးခြင်း အခမ်းအနားကို ယမန်နေ့၊ မွန်းလွဲ(၁)နာရီအချိန်ခန့်က အဆိုပါအသင်းစုခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် အသင်းစုဥက္ကဋ္ဌ ဦးမြင့်အောင်က ရွေကိန္ဒရီစတိုး သမဝါယမအသင်းလီမီတက်၏ ဆောင်ရွက်ချက်များ၊ အသင်သားများတိုးပွားအောင် စည်းရုံးဆောင်ရွက်ကြရေးနှင့် အသင်းသားများထံ စားသုံးဆီထောက်ပံ့ပေးအပ်ရသည့်အကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး အသင်းစုဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က အသင်းသားများထံ စားသုံးဆီများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းအေးနှင့် ဝန်ထမ်းများ၊ အသင်းစုဥက္ကဋ္ဌနှင့်အမှုဆောင်များ ရွှေကိန္ဒရီအသင်းအမှုဆောင်နှင့် အသင်းသူ၊ အသင်းသားများ စုစုပေါင်း(၆၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး အသင်သားတစ်ဦးလျှင် ဆီတစ်လီတာဘူး တစ်ဘူးစီ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ ဆက်)