ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများအတွက် သွပ် အမိုးများ လှူဒါန်း

ရန်ကုန်  ဇွန်လ  ၂၃

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်အပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအတွက် သွပ်အမိုး များလှူဒါန်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အသင်း (ရန်ကုန်) ရုံးခွဲတွင် ပြုလုပ်ခဲ့သည်။

အဆိုပါလှူဒါန်းပွဲတွင်Yangon AMTA Smart and Eco City Ltd မှ ဒေါ်ထက်နန္ဒာအောင်က လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ကျပ် ၁၀,၃၇၄,၀၀၀ိ/ တန်ဖိုးရှိ ၇ပေ သွပ် ၅၂၀ချပ်ကို လှူဒါန်းရာအသင်းအချိန်ပိုင်းအလုပ် အမှုဆောင် ဦးကျော်မိုးကြည်က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံခဲ့ရသည့် ဒေသများရှိ ပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းကူညီပေးနိုင်ရန် တစ်ဖက်တစ်လမ်းမှ ပါဝင်ပံ့ပိုးကူညီပေးကြသော အလှူရှင်များအား မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း သိရသည်။

အောင်မြင့်(ပြန်/ ဆက်)