မအီမြို့ ဂျီဖြူတောင် အ-ထ-က (ခွဲ)၌ ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းဝင်းအတွင်း ပန်းအလှပင်နှင့် အရိပ်ရပင်များစိုက်ပျိုး

မအီ  ဇွန် ၂၃

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ အ-ထ-ကခွဲ၌ " သစ်ပင်စိုက်ပါတို့ ကမ္ဘာသာယာလှပ စိမ်းမြမြ " ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းပတ်ဝန်းကျင်နှင့် ကျောင်းဝင်းအတွင်း စိမ်းလန်းစိုပြေလှပနေစေရေးအတွက် ပန်းအလှပင်များနှင့် အရိပ်ရပင်များ စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက ကျောင်းသူကျောင်းသားများက စိုက်ပျိုးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပန်းအလှပင်များနှင့် အရိပ်ရပင်များစိုက်ပျိုးခြင်းကို အဆိုပါ အ-ထ-ကခွဲ ကျောင်းအုပ် ဆရာကြီး ဦးဇော်ဇော်ထွန်း၏ ဦးဆောင်မှုဖြင့် ဆရာ/ဆရာမများနှင့် ကျောင်းသူကျောင်းသားများက တက်ညီလက်ညီ စိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမည့်သစ်ပင်ပန်းမန်များကို ကျောင်းသူကျောင်းသားများက မိမိတို့အစီအစဉ်ဖြင့် ယူဆောင်လာကြခြင်းဖြစ်ကြောင်း၊ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ဇွန်လဆန်းကတည်းက စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးအပြီး နောက်ရက်များတွင် မိုးမရွာဘဲနေပူခဲ့ခြင်းကြောင့် အချို့သစ်ပင်များမှာ မရှင်သန်ခဲ့၍ ၎င်းတို့နေရာ၌ အစားထိုးစိုက်ပျိုးခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းက ပြောကြားသည်။

ဖော်ပြပါ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေး စုပေါင်းစိုက်ပျိုးခြင်း၌ ဗန်ဒါ၊ မန်ဂျန်ရှား၊ မဟော်ဂနီ၊ ခရေ၊ ကံ့ကော်၊ စိန်ပန်းပင်နှင့် သရက်ပင်များ၊ ပန်းအလှပင်များပါဝင်သည့် စုစုပေါင်း အပင်ရေ (၈၀)ခန့်တို့ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)