မန္တလေး ဇွန် ၂၃
မန္တလေးမြို့၌ ပေါ်ဦးပေါ်ဖျား မန်ကျည်းသီးစိမ်းများ ဈေးကောင်းလျက်ရှိပြီး တစ်ပိသာ ကျပ်တစ်သောင်းအထိ ရောင်းချလျက်ရှိကြောင်း သိရသည်။
“ယခင်နှစ်ထက် ဈေးကထက်ဝက်နီးပါးလောက်တက်ပါတယ်။ ယခင်နှစ်က မန်ကျည်းဖူး လက်တစ်ဆုပ်စာကို ကျပ်နှစ်ရာခန့်ရောင်းရပေမဲ့ ဒီနှစ်ကျပ်ငါးရာပါ။ မန်ကျည်းသီးစိမ်းလည်း အတူတူပဲ။ အရင်နှစ်က တစ်ပိသာ ငါးထောင်၊ ခြောက်ထောင်ဈေးကနေ အခု တစ်ပိသာ ကျပ် တစ်သောင်းဈေးပါ။ မန်ကျည်းသီးစိမ်းနုနုလေးတွေက ဒီကာလမှာပဲရတာပါ။ အတွင်းသားစိမ်းပြီး ချဉ်တဲ့အရသာရှိတာမို့ ထောင်းတာပဲဖြစ်ဖြစ်၊ကြော်တာပဲဖြစ်ဖြစ် အိမ်ရှင်မများက ကြိုက်နှစ်သက်ပြီး ရောင်းကောင်းပါတယ်"ဟု တဆင့်ပြန်လည်ရောင်းချသူကပြောပါသည်။
မန်ကျည်းသီးစိမ်းများ မန္တလေးဈေးကွက်အတွင်းသို့ နယ်စုံမှဝင်ရောက်မှုရှိသော်လည်း ဈေးကျဆင်းခြင်းမရှိဘဲ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်ဆက်