ဘူးသီးတောင် ဇွန် ၂၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ် ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၈)နာရီအချိန်က ဘူးသီးတောင်မြို့၊ မြို့သစ်ရပ်ကွက်နှင့် သပြေကုန်းရပ်ကွက်ကြားရှိ မြို့လယ်ချောင်း တွင်ပိတ်ဆို့နေသော အမှိုက်များ၊ ဗေဒါပင်များ၊ ခြုံနွယ်၊ပေါင်းပင်များ ရှင်းလင်းရေးနှင့် ရေစီး၊ရေလာကောင်းမွန်စေရေးအတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၃)နယ်ခြား စောင့်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုများပူးပေါင်း၍ စုစုပေါင်း အင်အား(၆၃)ဦးဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် အမှိုက်များရှင်းလင်းခြင်း၊ ခြုံနွယ်၊ ပေါင်းပင်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေစီး၊ ရေလာကောင်းမွန်စေရေး Backhole(၁)စီးဖြင့် ရေမြောင်းများတူးဖော်ခြင်း ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုကာ အားပေးစကားများ ပြောကြားခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ် လက်ဝဲဒက်ပြင်ရှည်ကျေးရွာအုပ်စုရှိ ပုဂ္ဂလိကငါးမွေးမြူရေးကန်အား သွားရောက် ကြည့်ရှုကာ ငါးမွေးမြူထားရှိမှုနှင့် ငါးများဖြစ်ထွန်းနေမှု၊ စနစ်တကျ မွေးမြူထားရှိမှုများနှင့် လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် ဘူးသီးတောင်မြို့နယ် နန်းရာကုန်းကျေးရွာအုပ်စု၌ တည်ဆောက်ထားသော Cyclone Shelter အား သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး အ.မ.က(မူလွန်)နန်းရာကုန်း စာသင်ကျောင်းတွင် ၎င်းကျေးရွာအုပ်စုမှ မိုခါမုန်တိုင်းကြောင့် လေဘေးသင့် ဒေသခံပြည်သူများနှင့် ဆရာ/ဆရာမများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကာ ကျောင်းသား၊ ကျောင်းသူများအား စာသင်ကြား ပို့ချနေမှုများ ကိုလှည့်လည်ကြည့်ရှုကာ အားပေးစကားများပြောကြားခဲ့ပြီး ကျောင်းအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)