မိုင်းဖြတ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မိုင်းဖြတ်)၌ အသိပညာပေး ဟောပြောပွဲ ပူးပေါင်းဆောင်ရွက်

မိုင်းဖြတ် ဇွန် ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပသည့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အ.ထ.က(မိုင်ဖြတ်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က ကလေးအလုပ်သမား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကလေးအလုပ်သမားဖြစ်ရခြင်း၏ အကြောင်းအရင်းများ၊ အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ ဘေးအန္တရာယ်ကျရောက်နေသော ကလေးအလုပ်သမားများ စသည့် အချက်များကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းက သဘာဝဘေး အန္တရာယ်အမျိုးအစားများ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်ရခြင်း၏ အကြောင်းအရင်များ၊ သဘာဝဘေးအန္တရာယ် တစ်ခုခုကျရောက်ပါက လိုက်နာရမည့်အချက်များနှင့် ဆောင်ရန်၊ရှောင်ရန်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)