အပြည်ပြည်ဆိုင်ရာ မူးယစ်ဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပ

မိတ္ထီလာ ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာပညာရေး ဒီဂရီကောလိပ်တွင် ၂ဝ၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ပညာရေးဒီဂရီကောလိပ် ပညာပါရမီခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ရှေးဦးစွာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးကျော်က မူးယစ်ဆေးဝါး အလွဲသုံးစွဲမှုနှင့် ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့အမှတ် (၅၅) မူးယစ်တပ်ဖွဲ့ စု(မိတ္ထီလာ)မှ ရဲမှူးစိန်အောင်က မူးယစ်ဆေးဝါးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ခရိုင်ဥပဒေရုံးမှ ခရိုင်ပဒေအရာရှိ ဦးအောင်ဝင်းက မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေအကြောင်း သိကောင်းစရာများကို လည်းကောင်း အသီးသီး အသိပညာပေး ဟောပြောသည်။ ၎င်းနောက် မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ စတုတ္ထနှစ် ကျောင်းသား ကျောင်းသူများက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ပြဇာတ်ဖြင့် သရုပ်ဖော်ကပြကြပြီး အဆိုပါဒီဂရီ ကောလိပ်သင်တန်းရေးရာဌာနမှူး ဒေါ်သန်းသန်းမော်က ကျေးဇူးတင်စကား ပြောကြားပြီး အသိပညာပေး ဟောပြောခဲ့သူများထံသို့ အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ချမ်းသာ