မိုင်းခုတ် ဇွန် ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ မြို့သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသော မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် (၈) နာရီက အမှတ်(၂)ရပ်ကွက်၊ မြို့ပြည်သူ့ဆေးရုံးဝန်းအတွင်းရှိ သတ်မှတ်နေရာများတွင် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နယ်မြေခံတပ်နယ်မှ ဒုဗိုလ်မှူးကြီး သိန်းဇော်မိုးမှ မြို့ပြည်သူ့ဆေးရုံအထက်တန်းသူနာပြု ဒေါ်နန်းနှင်းအေးအားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်မှ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းနွန်းအားလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမြင့်မှ မိခင်နှင့်ကလေးစောင့်ရေးအဖွဲ့ဝင် ဒေါ်နန်းခိုအားလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုနိုင်မှ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးအားလည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးသန်းနိုင်မှ မြို့မီးသတ်တပ်ဖွဲ့ဝင် ဦးမင်းသူထွန်းအားလည်းကောင်း ပျိုးပင်များ အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ နယ်မြေခံတပ်နယ်မှ ဒုဗိုလ်မှူးကြီး သိန်းဇော်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူတို့က ကျွန်းပျိုးပင်(၂၀၀)၊ ပျဥ်းကတိုးပျိုးပင် (၅၀)၊ ပိတောက်ပျိုးပင် (၅၀)ပင်၊ ထင်းရှူးပျိုးပင်(၃၀)၊ မယ်ဇလီပျိုးပင်(၁၂၀)နှင့် စိန်ပန်းနီပျိုးပင်(၅၀)တို့ကို သတ်မှတ်နေရာများတွင် စိုက်ပျိုးခဲ့ကြသည်။
သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်၊ သဘာဝတောများ ကောင်းမွန်စေရန်၊ သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုအပူဒဏ်ကာကွယ်နိုင်ရန်၊ ရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးသည့် သဘာဝတောများ ပြန်လည်ကောင်းမွန်စေရန်နှင့် မြေအောက်ရေခမ်းခြောက်မှုမှ ကာကွယ်ရန်စသည်တို့ကို ရည်ရွယ်၍ စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)