ဒဂုံမြို့နယ်အတွင်းဈေးရောင်း၊ ဈေးဝယ်ပြည်သူများကိုဗစ်-၁၉ရောဂါကာကွယ် လိုက်နာကြရေး အသံချဲ့စက်ဖြင့် နှိုးဆော်

ဒဂုံ အောက်တိုဘာ ၉

လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်း ဈေးသည်များအား ကျန်းမာရေးနှင့်အညီ  စနစ်တကျ ရောင်းချကြရေး စည်းကမ်းထိန်းသိမ်းခြင်းနှင့်  ဈေးဝယ်ပြည်သူများ Stay  at Home ကာလ၌ မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ သွားလာခြင်းမပြုကြရန် အသိပညာပေးခြင်းကို  ယနေ့ နံနက်(၇)နာရီခွဲက  မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းဦးနှင့် အဖွဲ့ဝင်များ၊ ဈေးတာဝန်ခံတို့က ဘုရားကြီးရပ်ကွက် အခွန်လွတ်ဈေးနှင့် ဒဂုံရိပ်သာဈေးတို့၌ ဆောင်ရွက် ကြောင်း သိရသည်။

အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း  ပိုမိုများပြားလာမှုကြောင့် တစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် ဈေးရောင်း၊ဈေးဝယ်ပြည်သူများအနေဖြင့် ကာကွယ်ရေး ပစ္စည်းများ ကိုစနစ်တကျတပ်ဆင်သွားလာကြရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကြေညာချက်များကို  တိတိကျကျလိုက်နာခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)