သံတွဲ ဇွန် ၂၃
သံတွဲခရိုင်၊ အသေးစားစက်မှုလုပ်ငန်း ဦးစီးဌာနမှ အမျိုးသမီးများ အိမ်တွင်း၌ တစ်ပိုင်တစ်နိုင် ဝင်ငွေရရှိစေရန် တီထွင်ဆန်းသစ်မှုများ ဖန်တီးရန် ရည်ရွယ်၍ သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို သံတွဲမြို့ အောက်မှတ်ချောင်း ကျေးရွာတွင် ၁၉-၆-၂၀၂၃ ရက်နေ့မှ ၂၅-၆-၂၀၂၃ ရက်နေ့ထိ သင်တန်းသား (၂၀)ဦးဖြင့် (၁)ပတ်အကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းတွင် ခရမ်းချဉ်သီးယို၊ သင်္ဘောသီးယို၊ နာနတ်ယို၊ ဇီးယို၊ ဂျင်းယို၊ ခရမ်းချဉ်သီးယို၊ ဆော့စ်၊ သရုပ်သီးဆော့စ်၊ မန်းကျည်းဖျော်ရည်၊ ဇီးဖျော်ရည်၊ သံပရာရည်၊ ဂျင်းဖျော်ရည်၊ အာလူးခြောက်၊ ငှက်ပျေ ာသီးခြောက်၊ နာနတ်ဖျော်ရည်စသည့် ဘာသာရပ်များအား သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သံတွဲခရိုင်၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)