ဒဂုံ(အရှေ့) အောက်တိုဘာ ၉
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အထောက်အကူပြုစေရန်Level- 3 PPE ဝတ်စုံများနှင့် (N95 mask) ပါးစပ်နှာခေါင်းစည်းများအား ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်Fever Clinic ဖျားနာကုအခမဲ့ ဆေးခန်းသို့ ယနေ့နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရ သည်။
ထိုသို့လှူဒါန်းရာတွင် ဖျားနာအခမဲ့ကုဆေးခန်း(Fever Clinic )တွင် လာရောက်ပြသမှု များပြားလာသဖြင့် လိုအပ်သောနေရာများတွင် အသုံးပြုနိုင်စေရန် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်နှင့် မိုးသဇင် အိမ်ခြံမြေ မိသားစုတို့မှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး သုံးပစ္စည်းများဖြစ်သော Level-3 PPEဝတ်စုံ (၁၀)စုံနှင့် (N95 mask) ပါးစပ်နှာခေါင်းစည်း( ၃၀)ခုတို့အား လာရောက် လှူဒါန်းခဲ့ရာ တာဝန်ရှိသူများကလက်ခံရယူခဲ့ကြောင်း သိရသည်။
ဝင်းထွဋ်ဝင်း(ပြန်/ဆက်)