မဟာအောင်မြေ ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ထိန်းချုပ်ဓာတုပစ္စည်း သိုလှောင်ရောင်းချသည့်ဆိုင်များ၊ ဂိုဒေါင်များသို့ ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ သွားရောက် စစ်ဆေးခဲ့ကြောင်းသိရသည်။
မဟာအောင်မြေမြို့နယ်အတွင်း ထိန်းချုပ်ဓာတုပစ္စည်းလုပ်ငန်းလိုင်စင်၊သက်တမ်းတိုးအသစ်လျှောက်ထားတင်ပြခြင်းနှင့်ပတ်သက်၍ ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး ဉက္ကဋ္ဌ ရဲမှူးဦးကျော်ညွန့်နှင့် တာဝန်ရှိသူများမှ ရတနာနောက်ရပ်ကွက်နှင့် ရွှေဘုန်းရှိန်ရပ်ကွက်များရှိ ဂိုဒေါင်းအတွင်းသိုလှောင်ထားရှိသည့် ထိန်းချုပ်ဓာတုပစ္စည်းများအား စနစ်တကျထားရှိမှု ရှိ၊မရှိ သွားရောက်စစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်မှကာကွယ်နိုင်စေရန် မီးဘေးအန္တရာယ်ကာကွယ်ရေးပစ္စည်းများထားရှိရန်၊ ရေဘေစင် များထားရှိရန်၊ PPEဝတ်စုံများ ပြည့်စုံစွာထားရှိရန် လုပ်ငန်းခွင်အတွင်းအန္တရာယ်ကင်းရှင်းစွာ လုပ်ကိုင်ဆောင်ရွက်ကြရန်မှာကြားခဲ့သည်။
အဆိုပါ ထိန်းချုပ်ဓာတုပစ္စည်းသွားရောက်စစ်ဆေးရာတွင် ခရိုင်မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး ဉက္ကဋ္ဌ ရဲမှူးဦးကျော်ညွန့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ် ဒုတိယဦးစီးမှူး ဦးစိုးမင်းကျော်တို့မှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း