ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ပုဗ္ဗသီရိ ဇွန် ၂၃

ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်သည့်ဆောင်ရန်၊ ရှောင်ရန်များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ဆွေးနွေးခဲ့ပြီး သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ဖြန့်ဝေခဲ့သည်။

ထို့နောက် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးမှ သဘာဝဘေးအန္တရာယ် အသိပညာပေးဗီနိုင်းနှင့် ပိုစတာများအား ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးမာသင်းအား ပေးအပ်ခဲ့ကြောင်း သိရသည်။

သန္တာလင်း(ပြန်/ဆက်)