လှည်းကူး အောက်တိုဘာ ၉
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ နေအိမ်ပြင်ပထွက်ခွာသွားလာသူတိုင်း နှာခေါင်း စည်း (Mask)တပ်ဆင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို အောက်တိုဘာ(၉)ရက် နံနက်(၈) နာရီက လှည်းကူးမြို့နယ်အတွင်း လူစည်ကားရာနေရာများ မြိုမဈေး အဝင်/အထွက် အပေါက်နေရာနှင့် လှည်းကူးတာဆုံမီးပွိုင့်နေရာများတွင် အဖွဲ့များခွဲ၍ Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နှာခေါင်းစည်း(Mask)များတပ်ဆင်နိုင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်း တို့ဦးဆောင်၍ ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီဝင်များ၊ ဈေး ကော်မတီဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ လှည်းကူးမြို့နယ်အတွင်း လူစည်ကားရာ နေရာဖြစ်သော လှည်းကူးမြို့မဈေး အဝင်/အထွက်အပေါက် နေရာနှင့် တာဆုံမီးပွိုင့်နေရာတို့၌ ကိုဗစ်-၁၉ ကာလအတွင်း နေအိမ်ပြင်ပထွက်ခွာသွားလာသူများအား နှာခေါင်းစည်း (Mask) များ တပ်ဆင်ပြီးမှ အပြင်ထွက်စေရန်နှင့် ဈေးသူဈေးသားများအား နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီးမှ ဈေးအတွင်းသို့ဝင်ရောက်စေရန် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မလိုအပ်ဘဲ အပြင်မထွက်ကြရန်နှင့် တစုံတရာ အရေးကြီးကိစ္စများ ပေါ်ပေါက် လာပါက နှာခေါင်းစီး(Mask)များတပ်ဆင်ပြီးမှသွားလာရန်၊ Hand Gel များဖြင့် လက်များကိုမကြာခဏဆေးကြောသန့်စင်ရန် သတ်မှတ် ဦးရေထက် ပိုမိုစုဝေးခြင်း မပြုရန် ပညာပေးနှိုးဆော်ခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကူးစက်ရောဂါကာကွယ်နှိမ်နှင်းရေးဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်လင်း(လှည်းကူး)