ကာမိုင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ကာမိုင်း ဇွန် ၂၂

၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၁၀)နာရီက အ.ထ.ကကာ မိုင်းနှင့် အ.ထ.က(ခွဲ) မြို့မ-၂ ကျောင်းတို့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်အန္တရာယ် ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းဆက်၊ မူးယစ်ဆေးဝါးအန္တရာယ် အမျိုးသားရေးအသွင်တိုက်ဖျက်၊ (နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဥ် (၁/၂၀၂၂)၌ ပြောကြားသည့် အမှာစကားမှ ကောက်နုတ် ချက်) ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်၊ မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ (မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့) အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒ၊ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ်လူသစ်ဘဝသစ် စသည့်ဆောင်ပုဒ်၊ ကာတွန်းနှင့် (၂၆-၆-၂၀၂၂) ရက်နေ့ထုတ် ကြေးမုံသတင်းစာ)မှ မူးယစ်ဆေးဝါး တို့ရှောင်ရှား ကဗျာပါရှိသော လက်ကမ်းစာစောင် (၂၆၄)စောင်ကို မြို့ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးမှူးတာဝန်ခံ ဒေါ်ရွှေဇင်ဦးနှင့် ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လဆိုင်း(ပြန်/ဆက်)