ကျောက်ဆည် ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ကတဲကျေးရွာ ကွင်းအမှတ် (၁၈၇) တောင်သူဦးရဲစိုး၏ မြေ (၁၀) ဧကတွင် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဟာရ ပြည့်ဝသော တိရိစ္ဆာန်အစာပင်များ စိုက်ပျိုး၍ မွေးမြူရေးစနစ်ကိုကျင့်သုံးပြီး ဒေသခံတိရိစ္ဆာန် မွေးမြူသူများအနေဖြင့် လိုက်နာကျင့်သုံးတတ်စေရန် ရည်ရွယ်ပြီး ဇွန် (၂၂) ရက် နံနက် (၈) နာရီက နေဗီယာမြက်များ သရုပ်ပြစိုက်ပျိုးခဲ့ကြောင်း သိရသည်။
တိရိစ္ဆာန်အစာပင် နေဗီယာမြက်များစိုက်ပျိုးရာ၌ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မင်းဦးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ ဒေသခံ တောင်သူများ စုပေါင်းစိုက်ပျိုးခဲ့ကြောင်းနှင့် နေဗီယာမြက်သည် ပရိုတင်းပါဝင်မှုများသဖြင့် တိရိစ္ဆာန်ကြီးထွားနှုန်း မြန်စေရန်အတွက် တောင်သူများကိုယ်တိုင် စိုက်ပျိုးကျွေးခြင်းဖြင့် အစာစရိတ်သက်သာလွယ်ကူစေပြီး တန်းဖိုးမြှင့်ထွက်ကုန်ရရှိစေကာ တစ်ခါစိုက်ပျိုး ထားပါက (၇) နှစ် (၈) နှစ်အထိ ရိတ်သိမ်း ကျွေးနိုင်ကြောင်း၊ စိုက်ပျိုးရာတွင်လွယ်ကူပြီး ရာသီဥတုဒဏ်ခံနိုင်၍ အထွက်နှုန်းကောင်းသဖြင့် တစ်ဧက တစ်ခါရိတ်သိမ်းပါက ကုန်တန်ချိန် (၁၅၀) တန်မှ (၂၀၀) တန်အထိရရှိပြီး ကျွဲ၊ နွား၊ ကြက်၊ ဝက်၊ သိုး၊ ဆိတ် စသည့် တိရိစ္ဆာန်မျိုးစုံအား ကျွေးမွေးနိုင်ကြောင်းနှင့် ပိုလျှံသည့် နေဗီယာမြက်စိုများကို အစာအခြောက်ပြုလုပ်၍ ချဉ်ပတ်ပြုလုပ်ပြီး အစာရှားပါးခက်ခဲချိန်များတွင် ထုတ်ယူကျွေးနိုင်သဖြင့် အကျိုးအမြတ် အလွန်များကြောင်း သိရသည်။
သက်မောင်