ဟိုပုံးမြို့နယ်၌ ဆွမ်မီကျောင်းတိုက်ဆရာတော်ကြီး၏ ဘဝနတ်ထံပျံလွန်တော်မူခြင်း (၁)နှစ်ပြည့်နှင့် ကျောင်းထိုင်ဆရာတော် တင်မြှောက်ခြင်းအခမ်း အနားကျင်းပ

ဟိုပုံး ဇွန် ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဆွမ်မီကျောင်းတိုက်ဆရာတော်ကြီး၏ ဘဝနတ်ထံပျံလွန်တော်မူခြင်း (၁)နှစ်ပြည့်နှင့် ကျောင်းထိုင် ဆရာတော် တင်မြှောက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆွမ်မီကျောင်းတိုက် တွင် ပြုလုပ်သည်။

အခမ်းအနားတွင် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ဇနီး‌ ဒေါ်မြတ်ခင်မော်၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၏ဇနီးများ၊ ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဆရာတော်၊ သံဃာတော် များအား ဩကာသကန်တော့ ကျိုးဖြင့် ကန်တော့၍ ဟိုပုံးမြို့ မြို့နယ်သံဃနာယကဥက္ကဋ္ဌ တုံခမ်းကျောင်းတိုက် ဦးအာလောကထံမှ ပရိတ်တရားတော်နှင့်  ဩဝါဒကထာများကို နာယူဆောက်တည်ကြသည်။ ထို့နောက် တောင်ကြီးမြို့ အေးစေတီဆရာတော် အဂ္ဂမဟာဂန္တဝါဓက ပဏ္ဍိတဘဒ္ဒန္တ လက္ခဏသာမီဘိဝံသ ထံမှ အနုမောဒနာ တရားတော်ကိုဟောကြားချီးမြှင့်ပြီးနောက် ဆွမ်မီကျောင်းတိုက်မှ အရှင်သုမနက ကျောင်းထိုင်အဖြစ် လျှောက်ထားတင်မြှောက်မှုပူ‌ဇော်လွှာ စာတမ်းကိုဖတ်ကြားရာ ဆွမ်မီကျောင်းတိုက် ကျောင်းထိုင် အဖြစ် ဆရာတော်အရှင်သူရိယအား ကျောင်းထိုင်အဖြစ်‌ရွေးချယ်တင်မြှောက်ကြသည်။ ဆက်လက်၍ ကျောင်းဒါယကာဒါယိကာများ၏ကိုယ်စား ဦးအောင်မင်းက လှူဖွယ်ဝတ္ထုနှင့် လျှောက်ထားဖိတ်ကြား ခြင်းစာတော်လွှာများကို ဆရာတော်အရှင်သူရိယအား ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်နှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုနှင့် အလှူငွေများ ဆက်ကပ် လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီးနောက် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရ သည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)