နမ့်ဆန်မြို့နယ်တွင် Oxygen Plant မှ Oxygen များ ဆက်လက်ဖြန့်ချီပေး

နမ့်ဆန် ဇွန်လ ၂၂

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် Oxygen Plant ကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအသီးသီးက ကျန်းမာရေးအခြေအနေအရ Oxygen လိုအပ်သော မိဘပြည်သူများအား မြို့နယ်အတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များမှ တဆင့် ဖြန့်ဖြူး ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဖြန့်ဖြူးပေးရာ ဇွန်လတွင် ချမ်းမြေ့လူမှုကူညီရေးအသင်းက 40 လီတာ ၃၃လုံး၊ 15 လီတာ ၂၃လုံး၊ Namhsan Oxygen ပရဟိတက 40 လီတာ ၂၈ လုံး၊ 15 လီတာ ၁၃လုံးနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က 40လီတာ ၂၇လုံး၊ 15လီတာ ၃၃လုံးဖြစ်ပြီး စုစုပေါင်း40လီတာ ၈၅လုံး၊ 15လီတာ ၆၉လုံး ဖြန့်ဝေပြီးကြောင်း Oxygen ထုတ်လုပ်ရေး တာဝန်ခံထံမှ သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)