ဗန်းမော်မြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို လူငယ်သင်တန်းကျောင်း၌ ပြုလုပ်

ဗန်းမော် ဇွန် ၂၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၏ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲက ပေါက်ကုန်းရပ်ကွက်ရှိ အဆိုပါ ကျောင်းဝင်းအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းဝင်းစိုပြေသာယာလှပရေးအတွက် အရိပ်ရအပင်များ စိုက်ပျိုးပွဲတွင် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန်စိန်မြင့်၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးလောင်းထန်တို့က တက်ရောက်လာကြ သူများအား သစ်ပင်ပျိုးပင်များ ပေးအပ်ခဲ့ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ ကျောင်းဝင်းအတွင်း ကျွန်း (၅၀)ပင်၊ မဟော်ဂနီ (၂၀)ပင်၊ ပျဥ်းကတိုး (၃၀)ပင်၊ ခရေ (၁၁)ပင်၊ စိန်ပန်း (၁၀)ပင် စုစုပေါင်းပျိုးပင် (၁၂၁)ပင် စိုက်ပျိုးခဲ့ကြပြီး ဖိတ်ကြားထားသူများ၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၃၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်