မိုင်းရယ် ဇွန် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် လားရှိုးခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ခွဲ) မှ ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးငွေများ ထုတ်ချေး ပေးခြင်းကို ယနေ့နံနက် ၁၁ နာရီက မိုင်းရယ်မြို့၊ နမ့်ရယ်ခန်းမ၌ ပြုလုပ်သည်။
ထိုသို့ စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးရာတွင် မိုင်းရယ်မြို့ အမှတ်(၁)(၂)(၃) ရပ်ကွက်၊ မန်စန့် ကျေးရွာအုပ်စု၊ လွယ်ငင်းကျေးရွာအုပ်စု၊ နားဖျိုင်းကျေးရွာအုပ်စု၊ လုတ်ခိုက် ကျေးရွာအုပ်စု၊ မန်ကျောင်း ပန်ရှင်ကျေးရွာအုပ်စု၊ ကောင်းမောင်ကျေးရွာအုပ်စု၊ ဟိုကျေးရွာ အုပ်စုနှင့် ခိုဆိုင်ကျေးရွာအုပ်စုတို့မှ တောင်သူဦးရေ (၄၁၉)ဦး အတွက် မိုးစပါးတစ်ဧကလျှင် တစ်သိန်း ငါးသောင်းကျပ်၊ ပြောင်းတစ်ဧကလျှင် တစ်သိန်းကျပ် စုစုပေါင်း ချေးငွေ ကျပ် (၂၇၁၄၀၀၀၀ဝိ/) ကို ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အားပေးကြည့်ရှုခဲ့သည်။
မိုင်းရယ်(ပြန်/ဆက်)