ဟိုပင်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဟိုပင် ဇွန် ၂၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းရှေ့တွင် ယနေ့နံနက် (၈) နာရီက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ဟိုပင်မြို့ အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်သူနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ စုပေါင်း၍ ကျွန်း (၅၀)ပင်၊ ပျဉ်းကတိုး (၄၀)ပင်၊ မျောက်ငိုပင် (၄၀)ပင်၊ မယ်ဇလီ (၂၀)ပင်၊ စုစုပေါင်း (၁၅၀)ပင်တို့ကို သတ်မှတ်နေရာများတွင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။                                                                               

လင်းသွယ်သွယ်ဦး ပြန်/ဆက်