မိတ္ထီလာ၊ အောက်တိုဘာ၉
မိတ္ထီလာမြို့နယ်၊ထမုန်ကန်ကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာရှိ ခေမာသီရိ ပရဟိတသီလရှင် စာသင်တိုက်မှ သီလရှင်များအား လျှပ်စစ်ရုံးဝန်ထမ်းများက စုပေါင်း၍ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို ယနေ့နံနက်က ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ညောင်ပင်သာကျေးရွာရှိ ခေမာသီရိ ပရဟိတသီလရှင် စာသင်တိုက်မှ သီလရှင်များအား ဆွမ်းဆန်အခက်အခဲမရှိစေရေးအတွက် မိတ္ထီလာခရိုင် လျှပ်စစ်ရုံးမှ ခရိုင်လျှပ်စစ်မန်နေဂျာ ဦးနေဦး၊ ဦးယုမော် (အင်ဂျင်နီယာ)နှင့် ဝန်ထမ်းများ၊ မိတ္ထီလာမြို့နယ်လျှပ်စစ်ရုံး မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးသန်းလှိုင်နှင့် ဝန်ထမ်းတို့မှစုပေါင်း၍ စာသင်တိုက်ရှိ သီလရှင် အပါး ၁၅၀ တို့အား အလှူငွေကျပ် (၁၅၀၀၀၀)နှင့် လှူဖွယ်ပစ္စည်းများဖြစ်သည့် ဆန် (၅) အိတ်၊ ဆီ ပိဿာ ၂၀ ၊ ငါးသေတ္တာ ၁၀၀ ဗူး ၊ ဆား ၅ ပီဿာ ၊ကုလားပဲခြမ်း ၅ ပိဿာ၊ ကော်ဖီမစ်ထုပ် (၃) ထုပ်နှင့် သကြား (၂) ပိဿာတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြောင်း ခရိုင်လျှပ်စစ်မန်နေဂျာ ဦးယုမော် (အင်ဂျင် နီယာ)ထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ