ကျိုက်ပရန်ကျေးရွာ၌ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး

ကျိုက်မရော  ဇွန် ၂၂

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျိုက်မရောမြို့နယ်ရုံးမှ ဝန်ထမ်းများသည် ကျိုက်မရောမြို့နယ်၊ ကျိုက်ပရန်ကျေးရွာသို့ကွင်းဆင်း၍ ပန်းခင်း(၂)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့နံနက်ပိုင်းကနေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးရာ၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးကိုကိုလွင်နှင့်ဝန်ထမ်းများက ကျိုက်ပရန်ကျေးရွာရှိပြည်သူ ကျား(၆၆)ဦး၊ မ(၈၅)ဦး စုစုပေါင်းပြည်သူ(၁၅၁)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်း(၃)ခုတို့ကို နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်မရောမြို့နယ်ရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၊ ကျောင်းများ၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)