ကျောက်ဆည် အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ် တွင် ယနေ့ နံနက်(၁၀)နာရီက ကိုဗစ်-၁၉ရောဂါဆိုင်ရာ သိကောင်းစရာ ရုပ်ပုံများနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးပိုစတာများ ပြသထားကြောင်း သိရှိရသည်။
ထိုသို့ ပြသထားရာတွင် ပြည်သူများအသိပညာ ပိုမိုကြွယ်ဝစေရေးအတွက် ကိုဗစ်-၁၉ဆိုင်ရာ အချက်အလက် နှင့် ထင်မြင် ယူဆချက်များ၊ မီဒီယာနှင့်သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် လုပ်ကြံသတင်းများ၊ ကျန်းမာရေးဆိုင်ရာ နည်းလမ်းများ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်း လုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ ရှောင်ရန်အချက်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆ ချက်များ စသည့်အကြောင်းအရာများ ပါဝင်သော ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သတ်သည့်ပညာပေး ရုပ်ပုံများ ပြသထားကြောင်း သိရှိရသည်။
ထို့အပြင် ငလျင်ဘေးနှင့်ပတ်သက်၍ ပညာပေးများဖြစ်သော ငလျင်ဘေးကြိုတင် ပြင်ဆင်ရန်နည်းလမ်းများ၊ ငလျင်လှုပ်နေစဉ် လိုက်နာရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ဆောင်ရွက်ရန်အချက်များ၊ ရေကြီးခြင်း ဖြစ်ပေါ်နေချိန်တွင် လိုက်နာရန်နှင့်ရှောင်ရှားသင့်သည့်အချက်များ၊ ရေကြီးပြီးနောက် ဆောင်ရွက်ရန် အချက်များနှင့် ရှောင်ရှားသင့်သည့် အချက်များ၊ မီးဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ရန်နည်းလမ်းများ၊ မီးလောင်နေစဉ် လိုက်နာရန်အချက် များနှင့်ရှောင်ရှားသင့်သည့် အချက်များ၊ မီးလောင်မှု ဖြစ်ပွားသည့် ပုံစံနှင့်မီးငြိမ်သတ်ရန်နည်းလမ်းများ မီးငြိမ်းသတ်ပြီး ပါကဆောင်ရွက်ရန်အချက်များအား ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန်အတွက် ပြသပေးထားကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)