မွန်ပြည်နယ် သံဖြူဇရပ်မြို့တွင် ကိုဗစ် - ၁၉ ရောဂါသိကောင်းစရာ အသိပညာပေး နံရံကပ်စာ စောင်ပြသ

သံဖြူဇရပ်  အောက်တိုဘာ  ၉

ကိုဗစ် - ၁၉ ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများကို  သံဖြူဇရပ်မြို့နယ် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ယနေ့မှစ၍ ပြသထားကြောင်း သိရသည်။

အဆိုပါမြေစိုက်နံရံကပ်ဘုတ်တွင်   မီဒီယာနှင့်သတင်းအချက်အလက်      သိနားလည်မှုရှိသော မိဘအုပ်ထိန်းမှုအတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ ၊  ကိုဗစ် - ၁၉ ရောဂါ အချက်အလက်နှင့်   ထင်မြင်ယူဆချက်များ ၊  လူမှုမီဒီယာပေါ်တွင်   ဘေးကင်းလုံခြုံမှု အကြောင်း   ဆွေးနွေးရာ၌ ဆောင်ရန်/ရှောင်ရန်များ ၊    သတင်းခွဲခြားစိတ်ဖြာမှုနှင့် ထင်မြင်ယူ ဆချက်များ စသည့်အကြောင်းအရာ များပါဝင်သော ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုနှင့် ပတ်သက် သည့်အသိပညာပေး   ရုပ်ပုံများပြသထားရာ  ခရီးသွားပြည်သူများအနေဖြင့် ဝင်ရောက်ကြည့်ရှု့ လေ့လာကြကြောင်းသိရသည်။

အေးအေးသီ(ပြန်/ဆက်)