နောင်ချို ဇွန် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြို့နယ်သာသနာ့ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံး တည်ဆောက်ရန်အတွက် အလှူတော်ငွေများကို ယမန်နေ့က လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ လှူဒါန်းရာတွင် နောင်ချိုမြို့တောင်ရပ်ကွက်နေ ဒေါက်တာမြင့်ကြွယ်+ဒေါ်အေးအေးသိန်းမိသားစုမှ အလှူငွေ သုံးသိန်းကျပ်၊ မိဘနှစ်ပါးအား အမှူးထား၍ ပညာရေးမှူးရုံးမှ ဒေါ်ဝေမာမြင့်က အလှူငွေ တစ်သိန်းကျပ်တို့ကို လှူဒါန်းခဲ့ရာ သဖန်းကိုင်းဆရာတော်မှ လက်ခံရယူခဲ့သည်။
မြို့နယ်သာသနာ့ဗိမာန်တည်ဆောက်ရေးလုပ်ငန်းများတွင် သဖန်းကိုင်းကျေးရွာသူကျေးရွာသားများမှလည်း လုပ်အားဒါနများဖြင့် ကုသိုလ်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြို့နယ်သာသနာ့ဗိမာန်တော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ရုံးကို မြို့နယ်သံဃနာယက အဖွဲ့ဆရာတော်များ၏ ဩဝါဒကို ခံယူကာ သဖန်းကိုင်းပရဟိတဆရာတော်မှ ဦးဆောင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရန်အတွက် ဒါနရှင်၊ ပါရမီရှင်၊ ကုသိုလ်ရှင်များက တတ်အားသရွေ့ ကုသိုလ်ယူ လှူဒါန်းနိုင်ကြောင်း သဖန်းကိုင်းပရဟိတဆရာတော်ထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)