ကျိုက်ထိုမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

ကျိုက်ထို ဇွန် ၂၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် ပတ်သက်၍ သိရှိစေရန် ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီက မူလွန်ကော့စံနိုင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် မူလွန်ကော့စံနိုင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မာမာဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးကို လုံးဝရှောင်ကြဉ်ရန်၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမိပါက ဖြစ်တတ်သော ရောဂါ လက္ခဏာများ၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ပြသရာကျောင်းသား ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)