လဲချား ဇွန် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင် ၊လဲချားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေး ဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အရုပ်ခေါက်ပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီခွဲ အချိန်က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre )တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ အရုပ်ခေါက်ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ ပြိုင်ပွဲစည်းမျဥ်း၊စည်းကမ်းများကို ရှင်းလင်းပြောကြာကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား< ကျောင်းသူ(၂၈)ဦး တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရ သည်။
လဲချား(မြို့နယ်ပြန်/ဆက်)