ဂွ ဇွန် ၂၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက် (၅) နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ဇွန်လ (၁၉) နေ့ နံနက်ပိုင်းမှစတင်၍ (ဂွ) စုရပ်၊ (ဆပ်သွား) စုရပ်နှင့် (ကျိန္တလီ) စုရပ်စသည့် စုရပ်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ဇွန်လ (၂၁) ရက်နေ့က အသက် (၁၂) မှ (၁၈) နှစ်အတွင်း ကျောင်းသား၊ကျောင်းသူ (၇၀) ဦးတို့ကို Sinopharm ကာကွယ်ဆေး (Second Booster Dose) အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထို့နောက် စုရပ်ကျောင်းများသို့ ကာကွယ်ဆေးထိုးရန် ရောက်ရှိလာကြသော ကျောင်းသား/သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ အတန်းအလိုက် စနစ်တကျ စာရင်းရေးသွင်းခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးနောက် မိနစ် (၃၀) ခန့် အနားယူစေခြင်းတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်