ရမ်းဗြဲ ဇွန် ၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်တွင်၊ ရခိုင်ပြည်နယ်သဘာဝဘေးအန္တာရယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့ပေးအပ်သည့် ကူညီထောက်ပံ့ရေး ပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရမ္မာဝတီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကြီးကြပ်သူ တပ်မတော်အရာရှိ ဗိုလ်မှူးချုပ်ဇော်မင်းအေးမှ အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းမှ ကူညီထောက်ပံ့ရေး ပစ္စည်းများပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး ရမ်းဗြဲမြို့နယ်အတွင်းရှိ မုန်တိုင်းရှောင်အိမ်ထောင်စု (၃၃၀၇)၊ လေဘေးသင့် အိမ်ထောင်စု (၁၂၂)၊ စုစုပေါင်း (၃၄၂၉) တို့အား၊ ဆီ (၅၀) ကျပ်သားဗူး (၂၆၀၀)၊ ခေါက်ဆွဲခြောက် (ထုပ်သေး) (၃၃၀၀)၊ ကော်ဖီမစ် (ထုပ်သေး) (၆၀၀၀)၊ ရေသန့် (၁) လီတာဗူး (၃၄၂၀) တို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကြီးကြပ်သူ တပ်မတော်အရာရှိ ဗိုလ်မှူးချုပ်ဇော်မင်းအေးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းနှင့် အဖွဲ့ဝင်များက ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကျေး/အုပ်ချုပ်ရေးမှူးများမှ လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်