မိုင်းဆတ် ဇွန် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို)အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲ ကို ယမန်နေ့မွန်းတည့် (၁၂) နာရီခွဲက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ အ.ထ.က(မိုင်းဆတ်)မှ ကျောင်းသား၊ ကျောင်းသူများက “ကျန်းမာပျော်ရွှင်နေနိုင်ဖို့ မူးယစ်ဆေးကိုရှောင်ကြစို့” ခေါင်းစဉ်ဖြင့်ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခဲတံနှင့် ဗလာစာအုပ်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)