မိုင်းငေါ့ ဇွန် ၂၂
ရှမ်းပြည်နယ်၊ (မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊မိုင်းငေါ့မြို့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများအား ပျော်ရွှင်စေရန်နှင့် ဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အထများဖြစ်စေရန်၊ ဉာဏ်ပညာတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ပုံပြင်ပြာခြင်းအစီအစဉ်များ ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့ နံနက် (၃) နာရီက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာတွင်သာမက စိတ်အပန်းဖြေ ပျော်ရွှင်စေရန်နှင့်အား လပ်ရက်တွင် ပျော်ရွှင်စေရန်၊ ဉာဏ်ပညာများ တိုးတက်မြင့်မားစေရေး၊ စာဖတ်သည့် အလေ့အထများ ဖြစ်စေရေးအတွက် ရုပ်ပြပုံပြင်ပြောခြင်း အစီအစဉ်များကို မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စာကြည့်တိုက်မှူး ဒေါ်မို့မို့က ကျောင်းသား၊ ကျောင်းသူလေးများအား မောင်ရဲရင့်သူ ရေးသားသော “ဗျိုင်းမနဲ့မြေခွေးရုပ်ပြပုံပြင်” စာအုပ်ဖြင့်အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)