ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်း ပေးခြင်းဆောင်ရွက်

ဂွ  ဇွန် ၂၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေများကိုတန်ဖိုးထား ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို သိရှိနားလည်စေရန် ရည်ရွယ်ပြီး မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့်  စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့၊ မွန်းတည့်(၁၁)နာရီခွဲအချိန်က ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သမဦးစီးဌာနနှင့် အမှတ်(၈၅)သစ်စက်များသို့သွား ရောက်ကာ စာဖတ်သူများအကြိုက်စာအုပ်စာစောင်များကို ယူဆောင်ကာ သွားရောက်ငှားရမ်းပေးခြင်းအား ဆောင်ရွက်ခဲ့ကြသည်။ ဂွမြို့နယ်အနေဖြင့် မိုဘိုင်းစာကြည့်တိုက်အား တစ်ပတ်လျှင် တစ်ကြိမ်ကွင်းဆင်းကာ  သုတ/ရသစာအုပ်စာစောင်များကို အခမဲ့ လဲလှယ် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်