မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကြိုတင်မဲလက်မှတ်များထည့်မည့် မဲပုံးအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်

မုဒုံ    အောက်တိုဘာ     ၉

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပုံးအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကြိုတင်မဲပုံးအား လုံခြုံရေးကြိုးဖြင့် ချိတ်ပိတ်ခြင်းအခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးလှဝင်းက ကြိုတင်ဆန္ဒမဲပုံးနှင့် လုံခြုံရေးကြိုး ချိတ်ပိတ်လုပ်ဆောင်ခြင်း၊ ဝင်ရောက် ယှဉ်ပြိုင်သော  နိုင်ငံရေးပါတီများအနေဖြင့် လိုက်နာရမည့် စည်းကမ်းချက်များ၊ ကြိုတင်ဆန္ဒမဲပုံး ထိန်း သိမ်းစောင့်ရှောက်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ အတွင်းရေးမှူးနှင့် တက်ရောက်လာကြသော နိုင်ငံရေးပါတီက်ိုယ်စားလှယ်များတို့က ကြိုတင်ဆန္ဒ မဲပုံးအား လုံခြုံရေးကြိုးချိတ်ပိတ်ခဲ့ကြသည်။

 မုဒုံမြို့နယ်တွင် ကြိုတင်မဲပေးမည့် အရေအတွက်မှာ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိ နေသည့် နိုင်ငံခြားရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၆၉၀)ဦး၊ ပြည်တွင်းရှိ သက်ဆိုင်ရာမဲဆန္ဒနယ် ပြင်ပ ရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၁၄၈)ဦး နှင့် မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားများနှင့် ယင်းတို့နှင့် အတူနေ အိမ်ထောင်စုဝင်များ(၇၁၅)ဦး  စုစုပေါင်း(၂၅၅၃)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)