ရွှေပြည်သာ ဇွန် ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ဇွန် ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်(၁၁)အချိန်တွင် ရွှေပြည်သာမြို့နယ်အမှတ်(၁၅)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးက ကျောင်းသား/သူများအား မူးယစ်ဆေးဝါးဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါးအစဆေးလိပ်ကဖြစ်တာကြောင့် ကျောင်းသား/သူများရှောင်ရှားစေရန်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာများထိခိုက်မှုများအား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/သူများက မူးယစ်ဆေးဝါးများနှင့်ပက်သက်သည့် အသိပညာပေးစာအုပ်၊ စာစောင်များနှင့်နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာလှည့်လည်ကြည့်ရှုကြသည်။
နေမျိုးထွန်း(ရွှေပြည်သာ)