လားရှိုး ဇွန် ၂၂
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre–Lashio) တွင် ယနေ့နံနက်(၉)နာရီ အချိန်က ကျင်းပပြုလုပ်သည်။
အဆိုပါပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး၊ လားရှိုးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက ပြိုင်ပွဲကျင်းပ ရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က ပြိုင်ပွဲစည်ကမ်းချက်များကို ရှင်းလင်း ပြောကြားသည်။
အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူပေါင်း ၃၄ ဦး၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူပေါင်း ၂၇ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများကို ဇွန်လ ၂၃ ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre–Lashio)၊ ဘက်စုံသုံးခန်းမ၌ ဆုများအသီးသီးပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်