မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

အိမ်မဲ ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကန်ကြီးဒေါင့်ကျေးရွာ အလက ကန်ကြီးဒေါင့်ကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိ ပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်များတွင် ပါဝင်သော အကြောင်းအရာများကို အိမ်မဲ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စောသန္တာဦးနှင့် စာထောက်-၃ ဒေါ်အေးအေးမူတို့က ရှင်းလင်းပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည်ရှုခဲ့သည်။

ဆက်လက်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတရရှိ စေရန် သုတ/ရသ စာအုပ်စာစောင်များကို ပြသပြီး ငှားရမ်းပေးခဲ့ သည်။

ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)