ပင်လုံ ဇွန် ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ သစ်တော၊ သစ်ပင်များ၏ တန်ဖိုးကို အလေးထား သိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန် မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရန် ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို နယ်စပ်ရေးရာဝန်ကြီးဌာနပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)ဝန်းအတွင်း ၂ဧက(စိုက်ဧက)တွင် ယနေ့ နံနက် ၇ နာရီအချိန်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ စီစဉ်ကျင်းပ ပြုလုပ်သည်။
မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် လွိုင်လင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ထွန်းမြင့်နိုင်မှ အဖွင့်အမှာစကားပြောကြားပြီး လွိုင်လင်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လှိုင်ဆွေမှ သစ်ပင်စိုက်ပျိုးရခြင်း၏ အကျိုးကျေးဇူးနှင့်ပတ်သက်၍ ပြောကြားခြင်း၊ လူငယ်သင်တန်းကျောင်းကျောင်းအုပ် ဦးသိန်းထွန်းမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ ပင်လုံမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအောင်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် စိုက်ပျိုးမည့် အပင်များအား ပေးအပ်ရာ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူတို့က လက်ခံရယူပြီး သတ်မှတ်နေရာအသီးသီးတို့၌ ပိတောက်(၃၀)ပင်၊ ကျောက်ထင်းရှူး (၁၀)ပင်၊ ထောပတ်(၁၀၀)ပင်၊ရေသင်းဝင်(၁၄)ပင်၊ချယ်ရီ (၂၀၀)ပင်၊ ဝက်သစ်ချ(၃၀)ပင်၊ယူကလစ်(၁၄) ပင်၊စွယ်တော်(၁၀)ပင် ပျိုးပင်ပေါင်း ၄၀၈ ပင်တို့ကို စနစ်တကျ စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရှိရပါသည်။
မြို့နယ် (ပြန်/ဆက်)