ကျိုက်မရော ဇွန် ၂၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ လစာပင်စင်များကို လစဥ် ၂၁ ရက်နေ့တိုင်း ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီမှ စတင်ကာ ပုံမှန်အတိုင်းထုတ်ပေးလျက်ရှိသည်။
ကျိုက်မရောမြို့နယ်အတွင်း အငြိမ်းစားများ၏လစာငွေများအား ပုံမှန်ထုတ်ပေးနေကျ ရက်များတွင် အချိန်ကုန်သက်သာစေရန်အတွက် အုပ်စုများသတ်မှတ်ကာ အချိန်မီ ထုတ်ပေး နေကြောင်း ပင်စင်ကတ်များဖြင့် စနစ်တကျ ထုတ်ပေးလျက်ရှိရာ အသက်ကြီးရွယ်အို အငြိမ်းစားများ၏ ကျန်းမာရေးအခြေအနေပေါ် မူတည်၍ ကိုယ်စားထုတ်ယူခွင့် ပေးထားပြီး လစဥ်လဆန်း ၂၁ ရက်နေ့မှ လကုန်ရက်များအထိ ဘဏ်ဖွင့်ချိန် နံနက် ၈ နာရီမှ ညနေ ၃ နာရီ အထိ စနစ်တကျ ထုတ်ပေးလျက်ရှိနေကြောင်း မြန်မာ့စီးပွားရေးဘဏ်(ခွဲ)မှ မန်မေဂျာ ဒေါ်မာမာလွင်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)