မိုးညှင်းမြို့နယ်အတွင်း မဲရုံလုံခြုံရေးဆောင်ရွက်မည့် အထူးရဲများတွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ Test Kit စစ်ဆေးပေး

မိုးညှင်း  အောက်တိုဘာ  ၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ မဲရုံ(၁၀၆)ရုံတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ရန် သင်တန်းတက်ရောက်လျက်ရှိသည့် အထူးရဲ (၁၀၆)ယောက်အား ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

မိုးညှင်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းများဖြစ်သည့် အထက-၁နှင့် အထက-၂တို့တွင် မဲရုံလုံခြုံရေး ဆောင်ရွက်မည့် အထူးရဲသင်တန်းသား ၁၀၆ ယောက်အား ခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာဖြူလေးဝေ (ရောဂါနှိမ်နင်းရေး)၊ ဒုခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများက အထက-၁ အောင်ဆန်းခန်းမအတွင်း၌ covid antigen rapid test kit များဖြင့် ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ စစ်ဆေးခဲ့ရာ အထူးရဲအားလုံးတွင် ရောဂါပိုးမရှိကြောင်း ဒေါက်တာဖြူလေးဝေ ထံမှသိရသည်။

မိုးညှင်းမြို့နယ်အတွင်းရှိ မဲရုံပေါင်း ၁၀ ၆ရုံတွင် မဲရုံ(၁)ရုံ အထူးရဲအင်အား(၁)ယောက်နှုန်းဖြင့် မဲရုံလုံခြုံရေး ဆောင်ရွက်မည့် အထူးရဲများကို အောက်တိုဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ သင်တန်းပေးလျက်ကြောင်း သိရှိရပြီး ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်ထွေး(ပြန်/ဆက်)