ပုဗ္ဗသီရိမြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းစဉ်များအား ဆက်လက်ဆောင်ရွက်

ပုဗ္ဗသီရိ ဇွန် ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် လူဝင်မှု​ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ရပ်ကွက်၊ ကျေးရွာများ၊ ရုံးဌာနများသို့ ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းစဉ်များကို ဆက်လက်၍ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိသည်။

ရှေးဦးစွာ ပုဗ္ဗသီရိမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းသိန်းက ဇီဝဆိုင်ရာအချက်အလက် (Biome tric Data) ကောက်ယူခြင်း လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း​ဆွေးနွေးခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်း နေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ (Biog raphic Data) နှင့် (Biometric Data) များ ကောက်ယူ၍ (Database) တွင် သိမ်းဆည်းပြီး ဂဏန်း (၁၀)လုံး ပါဝင်သည့် (Unique ID) နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပုဗ္ဗသီရိမြို့နယ် မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်း များအား ဇီဝဆိုင်ရာအချက်အလက် (Bio metric Data) ကောက်ယူသည့် လုပ်ငန်းစဉ်များအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန္တာလင်း(ပုဗ္ဗသီရိ)