မြောက်ဥက္ကလာပ ဇွန် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ စာကြည့်တိုက် အသိပညာပေး ဟောပြောပွဲနှင့် ကလေးအလုပ်သမား အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက အ.မ.က(၁၂)ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် အ.မ.က(၁၂)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူလတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဒေါ်မြမြဝင်းက စာကြည့်တိုက်ဆိုင်ရာ အကြောင်းအရာများ၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများအကြောင်းနှင့် ကလေးအလုပ်သမားဆိုင်ရာ အသိပညာပေး အကြောင်း အရာများကို ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က ကလေးအလုပ်သမား အဓိပ္ပာယ်၊ ကလေးအလုပ်သမား အသက်အရွယ်နှင့် ပတ်သက်ပြီး ပြဌာန်းထားရှိမှုများ၊ ကလေးအလုပ်သမား များပြားလာရခြင်းအကြောင်းအရင်းများ၊ ကလေးအလုပ်သမားတွေကို အဆိုးရွားဆုံးပုံစံနှင့် ခိုင်းစေခြင်း အကြောင်းများနှင့် အန္တရာယ်ရှိသည့် လုပ်ငန်းများအကြောင်း၊ ကလေးများလုပ်သောအလုပ်နှင့် ကလေးသူငယ် အခွင့်အရေးများ၊ ကလေးအလုပ်သမား အသက်အရွယ်နှင့်ပတ်သက်ပြီး ရပိုင်ခွင့်များနှင့် ပြဌာန်းထားရှိသည့် ဥပဒေများ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ် ပြန်/ဆက်ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားအသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှု အသိပညာပေး လက်ကမ်းစာစောင်များကိုပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)