လားရှိုး ဇွန် ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် မုတ်သုန်ဦးအထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲကို ပြိုင်ပွဲအမျိုးအစား(၂)မျိုးခွဲ၍ ယှဉ်ပြိုင်စေမည်ဖြစ်ပြီး အသက် ၂၅ နှစ်အောက်အတန်းနှင့် အသက် ၂၅ နှစ်အထက်တန်းဟူ၍ ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပထမဆု ငါးသိန်းကျပ်၊ ဒုတိယဆုလေးသိန်းကျပ်၊ တတိယဆုသုံးသိန်းကျပ်၊ စတုတ္ထဆုနှစ်သိန်းကျပ်၊ ပဥ္စမဆုတစ်သိန်းကျပ်နှင့် ဆဋ္ဌမဆု နှင့် သတ္တမဆုကို ငါးသောင်းကျပ်စီ ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် လားရှိုးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတွင် စာရင်းပေးသွင်းနိုင်ပြီဖြစ်ပြီး ပြိုင်ပွဲကိုဇူလိုင်လအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)