ပျဉ်းမနား ဇွန် ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စိုက်ပျိုးသိပ္ပံ(ပျဉ်းမနား)၌ စိုက်ပျိုးရေးကျောင်း ပျဉ်းမနားတည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် စာပေဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးလင်းမြတ်က စိုက်ပျိုးပညာနှစ်တစ်ရာခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ကျောင်းသားကျောင်းသူများက စိုက်ပျိုးသိပ္ပံ(ပျဉ်းမနား)နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ပြသထားသည့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)