ကလောမြို့နယ်၌ အလယ်တန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

ကလော ဇွန် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမှုးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာ ဒေါ်နန်းအေးခိုင် ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီး ကလောမြို့နယ် စာရေးဆရာအသင်းဖြစ်သည့် ဒိုင်အဖွဲ့မှ အမှတ်ပေးစည်းမျဉ်းစည်းကမ်းချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကလောမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူတို့က ပုံပြင်အမည် မိခင်မေတ္တာခေါင်းစဉ်နှင့် ယဉ်ကျေးသော ငှက်နှစ်ကောင် ခေါင်းစဉ်တို့ကို မဲနှိုက်၍ ကျရာခေါင်းစဉ်ဖြင့် ပြိုင်ပွဲကို အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့်အထူးဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

ကျော်ဝင်း(ကလော)